ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ချောမောအောင်မြင်မည် ဖြစ်ပြီး သမိုင်း မှတ်တမ်းဝင် ကမ္ဘာ့ဖလား ပြိုင်ပွဲ ဖြစ်နိုင်မည်ဟု ယုံကြည်ကြောင်း ရှီကျင့်ဖိန် ဆို

(GMT+08:00)2022-12-09 20:51:34  

   ဒေသစံတော်ချိန် ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရီယတ်မြို့၌ ကာတာနိုင်ငံ Emir amim Bin Hamad Al Thani နှင့် တွေ့ဆုံခဲ့ပါသည်။

   ရှီကျင့်ဖိန်သည် ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ချောမောအောင်မြင်ပါစေဟု ဆုတောင်းပြီး ကာတာနိုင်ငံက ကမ္ဘာ့ဖလား ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပခြင်းသည် ကာတာ၏ စွမ်းဆောင်ရည်ကို ပြသပြီး မသေချာမရေရာမှု များပြားသော ယနေ့ကမ္ဘာကြီးအတွက် ဆန်းသစ်၊ တက်ကြွသောအင်အားကို ထည့်သွင်းပေးကြောင်း ပြောကြားခဲ့ပါသည်။

    Emir amim Bin Hamad Al Thani က ကာတာနှင့် တရုတ်နိုင်ငံ၏ ဆက်ဆံမှု လွန်စွာ ကောင်းမွန်ပါကြောင်း၊ တရုတ်ကုမ္ပဏီသည် ကာတာနိုင်ငံ၌ ကာတာနိုင်ငံ၏ အကြီးဆုံး အားကစားကွင်းကို ဆောက်လုပ်ပြီး ဒီအကြိမ် ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲကို ဤနေရာ၌ ကျင်းပမည် ဖြစ်ကြောင်း ပြောကြားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။