ရှီကျင့်ဖိန်သည် အီရတ် ဝန်ကြီးချုပ်နှင့် တွေဆုံ

(GMT+08:00)2022-12-09 16:43:53  

ဒေသ စံတော်ချိန် ယခုလ ၉ရက်နေ့ နံနက်ပိုင်းက တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် Riyadhမြို့တွင်  အီရတ် ဝန်ကြီးချုပ် Mohammed Shia al-Sudaniနှင့် တွေဆုံနှုတ်ဆက်ခဲ့သည်။

ရှီကျင့်ဖိန်က တရုတ်ပြည်သည် အီရတ်နှင့် အတူ တရုတ်-အီရတ် မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှုကို စဉ်ဆက်မပြတ် နက်ရှိုင်းစေရန် လက်တွဲ ကြိုးပမ်းလိုကြောင်း၊ ပထမဆုံး အကြိမ် တရုတ်-အာရပ် ထိပ်သီး အစည်းအဝေးတွင် ရရှိသော အောင်ကျိုးရလဒ်များကို အီရတ်နှင့် အတူ ကောင်းမွန်စွာ လက်တွေ့ ဖော်ဆောင်ပြီး တရုတ်-အာရပ် မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု ပိုမိုမြင့်မားသည့် အဆင့်သို့ ရောက်ရှိရန် တွန်းအားပေးလိုကြောင်း ပြောကြားသည်။

Sudaniက အီရတ်သည် တရုတ်ပြည်မှ Belt and Road အတူ တည်ဆောက်ရေးကို တွန်းအားပေးခြင်း အတွက် အရေးကြီးသည့် မိတ်ဖက် အဖြစ် ဆောင်ရွက်လိုကြောင်း၊ အီရတ်၏ အရေးကြီး အခြေခံ အဆောက်အအုံနှင့် စွမ်းအင် အစီအစဉ်များ တည်ဆောက်ရေးတွင် တရုတ်ပြည်အား ဆက်လက် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန် ကြိုဆိုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် အစွန်းရောက် ဝါဒ ပပျောက်စေရေးတွင် တရုတ်ပြည်နှင့် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လိုကြောင်း ပြောကြားသည်။