ခေတ်သစ်တွင် တရုတ်-အီဂျစ်ကံကြမ္မာအသိုက်အဝန်းကို တည်ဆောက်ရန်ရည်ရွယ်ချက် သို့ ဦးတည်သွားရန် လက်တွဲကြိုးပမ်းဆောင်ရွက်သင့်သည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2022-12-09 13:47:10  

ဒေသစံတော်ချိန် ဒီဇင်ဘာလ၈ရက်နေ့ညနေပိုင်းက တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်သည် ရီယာဒ်မြို့တွင် အီဂျစ်သမ္မတ စီစီနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။

 ဥက္ကဋ္ဌရှီကျင့်ဖိန်က တရုတ်နှင့် အီဂျစ်နှစ်နိုင်ငံတို့သည် အယူအဆချင်း ဆက်နွယ်ထားပြီး ဘုံအကျိုးစီးပွားများ ရှိ၍ တရုတ်-အီဂျစ်ကံကြမ္မာအသိုက်အဝန်းကို တည်ဆောက်ရန်ရည်ရွယ်ချက်သို့ ဦးတည်သားရန် လက်တွဲကြိုးပမ်းဆောင်ရွက်ကာ နှစ်နိုင်ငံဘက်စုံမဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု ပိုမိုကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုသစ် ရရှိအောင် တွန်းအားပေးသင့်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

သမ္မတ စီစီကလည်း သမ္မတရှီကျင့်ဖိန်၏ သမ္မတရာထူးသက်တမ်းသစ်တွင် အီဂျစ်နှင့် တရုတ်ဆက်ဆံမှုသည်  ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုရရှိလိမ့်မည်ဖြစ်ပြီး  အနာဂတ် နှစ်နိုင်ငံ၏ “Belt and Road” ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွင် ကြီးမားသော အောင်မြင်မှုရလဒ်များကို ရရှိလမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသပါသည်။