ရှီကျင့်ဖိန်သည် ဂျီဘူတီနိုင်ငံ သမ္မတ Ismail Omar Guelleh နှင့် တွေ့ဆုံ

(GMT+08:00)2022-12-09 20:52:59  

ဒေသစံတော်ချိန် ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရီယတ်မြို့၌ ဂျီဘူတီနိုင်ငံ သမ္မတ Ismail Omar Guelleh နှင့် တွေ့ဆုံခဲ့ပါသည်။

ရှီကျင့်ဖိန်က ယခုနှစ်များတွင် တရုတ်နှင့် ဂျီဘူတီ နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် အပြန်အလှန် ယုံကြည်မှုသည် ဆက်တိုက် နက်ရှိုင်းလာပြီး နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုများတွင် အောင်ကျိုးရလဒ်များ ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ဂျီဘူတီနိုင်ငံနှင့် အတူ နှစ်နိုင်ငံ အကြား မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု အဆက်မပြတ် တိုးတက်ရန် တွန်းအားပေးလိုပါကြောင်း ပြောကြားပါသည်။

Ismail Omar Guelleh က ဂျီဘူတီနှင့် တရုတ်နိုင်ငံတို့သည် မိတ်ဆွေနှင့် ညီအစ်ကို ဖြစ်ပြီး အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှု ဖေါ်ဆောင်ရေးဆိုင်ရာ မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်ကြောင်း ပြောကြားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။