ရှီကျင့်ဖိန်သည် ဆိုမာလီနိုင်ငံ သမ္မတ မာဟ်မောင်ဒ်နှင့် တွေ့ဆုံ

(GMT+08:00)2022-12-09 20:54:10  

ဒေသစံတော်ချိန် ဒီဇင်ဘာလ ၉ ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရီယတ်မြို့၌် ဆိုမာလီနိုင်ငံ သမ္မတ မာဟ်မောင်ဒ်နှင့် တွေ့ဆုံခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် ဆိုမာလီနိုင်ငံနှင့် နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုကို ထိန်းသိမ်းထားပြီး အမြုတေကျသော အကျိုးစီးပွားနှင့် အရေးကြီးသော အကြောင်းရေးရာများတွင် အပြန်အလှန် လေးစားပြီး အပြန်အလှန် ထောက်ခံကာ နှစ်နိုင်ငံ ဆက်ဆံမှု အဆက်မပြတ် တိုးတက်ရန် တွန်းအားပေးလိုပါကြောင်း ပြောကြားပါသည်။

မာဟ်မောင်ဒ်က ၁၉၆၀ ခုနှစ်က ဆိုမာလီနှင့် တရုတ် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထားရှိသည့်နောက်ပိုင်း နှစ်နိုင်ငံ ဆက်ဆံမှုသည် အပြန်အလှန် နားလည်ပြီး အပြန်အလှန် လေးစားသည့် အခြေခံပေါ်တွင် တိုးတက်လာကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံမှု ဆက်လက် ရှေ့သို့ တိုးတက်ရန် မျှော်လင့်ကြောင်း ပြောကြားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။