ကမ္ဘာ့ ပထမဆုံး C919 လေယာဉ်သည် ရှန်ဟိုင်း ဖူတုန်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွါ

(GMT+08:00)2022-12-09 14:07:53  

ဒီဇင်ဘာလ ၉ရက်နေ့က နံပါတ် B-919A တပ်ထားသည့် C919 အကြီးစားခရီးသည်တင်လေယာဉ် သည် ရှန်ဟိုင်းဖူတုန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရှန်ဟိုင်းဟုန်ချော်လေဆိပ်အထိ ထွက်ခွါခဲ့ကြောင်း၊ ယင်းသည် ကမ္ဘာ့ ပထမဆုံး C919 အကြီးစားခရီးသည်တင်လေယာဉ်ကို ပထမဆုံး အသုံးပြုသူဖြစ်သည့် China Eastern Airlinesအား လွှဲပြောင်းပေးအပ်ခြင်းဖြစ်ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ပထမဆုံး C919 အကြီးစားခရီးသည်တင်လေယာဉ်၏ လွှဲပြောင်းပေးအပ်ခြင်းနှင့် လေကြောင်းလိုင်းတွင် စတင်လည်ပတ်တော့ခြင်းတို့သည် တရုတ်အကြီးစားလေယာဉ်လုပ်ငန်း အတိုင်းအတာ ကြီးမားစွာနှင့် စီးရီးပုံစံဖွံ့ဖြိုးရေး ခရီးသစ်သို့ ဝင်ရောက်ပြီဖြစ်ကြောင်း၊ လေကြောင်းလုပ်ငန်းကွင်းဆက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဆန်းသစ်တီထွင်မှုကို တွန်းအားပေးရေးအတွက်ရော၊ ပြည်တွင်းပြည်ပ လည်ပတ်မှုနှစ်ခု အပြန်အလှန်တွန်းအားပေးသည့် ဖွံ့ဖြိုးရေး  အနေအထားသစ် ပိုမိုလျင်မြန်စွာထူထောင်မှုကို အထောက်အကူပြုရေးအတွက်ပါ အရေးကြီးအဓိပ္ပါယ်ရှိကြောင်း သတင်းရရှိပါသည်။