တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၏ သမိုင်း ပညာ အကယ်ဒမီ အသင်း တည်ထောင်သည့် နှစ် ၃၀ပြည့်မြောက်ခြင်း အတွက် ရှီကျင့်ဖိန် ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2022-12-09 14:56:33  

တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၏ သမိုင်း ပညာ အကယ်ဒမီ အသင်း တည်ထောင်သည့် နှစ် ၃၀ပြည့် အခါသမယတွင် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပိုခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ရှီကျင့်ဖိန်က တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၏ သမိုင်း ပညာ အကယ်ဒမီ အသင်း တည်ထောင်သည့် နှစ်ပေါင်း ၃၀ အတွင်း တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၏ သမိုင်းကို လေ့လာရေး၊ မိတ်ဆက်ဖြန့်ချိရေးနှင့် ပညာသင်ပေးရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးခြင်း အတွက် တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း ဂုဏ်ပြုကြောင်း သဝဏ်လွှာတွင် ဖော်ပြသည်။