ရှီကျင့်ဖိန်သည် ကော်မိုရိုနိုင်ငံ သမ္မတ Azali Assoumaniနှင့် တွေ့ဆုံ

(GMT+08:00)2022-12-09 20:53:33  

 ဒေသစံတော်ချိန် ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရီယတ်မြို့၌ ကော်မိုရိုနိုင်ငံ သမ္မတ Azali Assoumaniနှင့် တွေ့ဆုံခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် တရုတ်နှင့် ကော်မိုရို နှစ်နိုင်ငံ ဆက်ဆံမှု တိုးတက်ရေးကို လွန်စွာ အလေးထားပြီး နိုင်ငံတော် ရှင်သန် ဖွံ့ဖြိုးရေးသို့ ချီတက်သော လမ်းကြောင်းပေါ်တွင် ကော်မိုရိုနိုင်ငံနှင့် အပြန်အလှန် ယုံကြည်အားထားရသော မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်း ဖြစ်လိုပါကြောင်း ပြောကြားပါသည်။

Azali Assoumani က ကော်မိုရိုနှင့် တရုတ်နိုင်ငံတို့သည် ချစ်ကြည်ရေး အစဉ်အလာ ရှိကြောင်း၊ အနာဂတ်တွင် တရုတ်နိုင်ငံက မည်သို့သော စိန်ခေါ်မှုနှင့် ရင်ဆိုင်ရင်ဆိုင် ကော်မိုရိုနိုင်ငံသည် တရုတ်နိုင်ငံနှင့် ပြတ်ပြတ်သားသား ဆက်လက် အတူရပ်တည် သွားမည် ဖြစ်ကြောင်း ပြောကြားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။