"တရုတ်၏ခရီးစဉ်သစ်တွင် တရုတ်နှင့်ကမ္ဘာ" တရုတ်-အာရပ်မီဒီယာဆွေးနွေးပွဲကို ရီယာ့ဒ်၌ အောင်မြင်စွာကျင်းပ

(GMT+08:00)2022-12-08 14:54:34  

China Media Groupမှ ကမကထပြုပြီး အာရပ်နိုင်ငံများမှ အဓိကမီဒီယ၃၀ကျော်တို့မှ ပါဝင်ကြသော "တရုတ်၏ခရီးစဉ်သစ်တွင် တရုတ်နှင့်ကမ္ဘာ" တရုတ်-အာရပ်မီဒီယာ ဆွေးနွေးပွဲကို ဒေသစံတော်ချိန် ဒီဇင်ဘာလ ၅ ရက်နေ့က ရီယာ့ဒ်မြို့၌ အောင်မြင်စွာ ကျင်းပခဲ့သည်။ ဆော်ဒီအာရေဗျ၊ အီဂျစ်၊ အယ်လ်ဂျီးရီးယား၊ ပါလက်စတိုင်းနှင့် ယီမင်မှ  အစိုးရအရာရှိများ၊ အဓိကမီဒီယာများမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တရုတ်-အာရပ် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ရေးရာဆိုင်ရာသံတမန် အပါအဝင် ပုဂ္ဂိုလ် စုစုပေါင်း ၁၀၀ ကျော်တို့သည်  ခေတ်သစ်တွင် တရုတ်နိုင်ငံ၏ ခရီးသစ်နှင့် အာရပ်နိုင်ငံများ၏ အခွင့်အလမ်းသစ်များ၊  တရုတ်-အာရပ်ကံကြမ္မာအသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးခြင်း၏ အရေးပါ အနက် အဓိပ္ပါယ်နှင့် တရုတ်နှင့် အာရပ်မီဒီယာများအနေနှင့် တရုတ်-အာရပ်ဆက်ဆံရေးကို ပိုမိုကောင်းမွန်သော ဦးတည်ချက်သို့ ဖွံ့ဖြိုးတိုးတက်ရန် မည်သို့ အားသစ်လောင်းပေးခြင်း စသည့် ခေါင်းစဉ်များနှင့်ပတ်သက်၍  နက်ရှိုင်းစွာ  ကူးလူးဖလှယ်ပြီးဆွေးနွေးခဲ့ကြကြောင်း China Media Groupမှ သတင်းအရသိရပါသည်။