ကန် Hawaiiရှိ Mauna Loaမီးတောင် ပေါက်ကွဲပြီး အရှိန်လျော့နည်းမှုမရှိသေးကာ ချော်ရည်များ ပင်မလမ်းကို တဖြည်းဖြည်း ချဉ်းကပ်

(GMT+08:00)2022-12-08 14:51:23  

အမေရိကန် Hawaiiရှိ Mauna Loaမီးတောင်သည် ဒေသစံတော်ချိန် နိုဝင်ဘာလ ၂၇ရက်နေ့မှစ၍ ပေါက်ကွဲလာခဲ့ကြောင်း၊ လက်ရှိအချိန်အထိ အရှိန်လျော့နည်းမှု မရှိသေးကြောင်း၊ ချော်ရည်များသည် အနီးတဝိုက်ဒေသများသို့ ဆက်တိုက် စီးဆင်းနေပြီး အရေးကြီးပင်မလမ်းတစ်လမ်းသို့ တဖြည်းဖြည်းချဉ်းကပ်နေကြောင်း၊ Mauna Loaမီးတောင်သည် Hawaiiကျွန်းစုမှ အကြီးဆုံးကျွန်းဖြစ်သည့် Big Island ကျွန်း၌ တည်ရှိကြောင်း၊ ယင်းပင်မလမ်းကို ပိတ်ဆို့ပါက ကျွန်းပေါ်ရှိ အရပ်သူများ၏နေထိုင်မှု နှင့် ခရီးသွားလုပ်ငန်းကို ပြင်းထန်စွာ ထိခိုက်မည်ဖြစ်ကြောင်း ယခုတလော အေပီသတင်းဌာနမှ သတင်းကိုကိုးကား၍ China Media Groupမှ သတင်းအရ သိရပါသည်။