တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီသည် ပါတီပပုဂ္ဂိုလ်များ နှီးနှောဖလှယ်ပွဲကို ကျင်းပ

(GMT+08:00)2022-12-08 15:13:28  

ယခုလ ၂ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီသည် ပီကင်းမြို့ ကျုံးနန်းဟိုင်တွင် ပါတီပပုဂ္ဂိုလ်များ နှီးနှောဖလှယ်ပွဲကို ကျင်းပရာ ယခုနှစ် စီးပွားရေး အခြေအနေနှင့် လာမည့်နှစ်တွင် စီးပွားရေး လုပ်ငန်းနှင့် ပတ်သက်၍ ဒီမိုကရေစီ ပါတီများ၏ ဗဟိုကော်မတီများမှ တာဝန်ခံများ၊ ပြည်လုံးဆိုင်ရာ စက်မှုနှင့် ကုန်သွယ်ရေး သမဂ္ဂမှ တာဝန်ခံများနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်များ၏ ထင်မြင်ယူဆချက်နှင့် အကြံပြုချက်များကို နာကြားကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် နှီးနှောဖလှယ်ပွဲကို ကြီးမှူးကျင်းပပြီး အရေးကြီး မိန့်ခွန်းပြောကြားရာတွင် လာမည့်နှစ်၌ စီးပွားရေး လုပ်ငန်းကို ဆောင်ရွက်ရာတွင် တည်ငြိမ်စေရေးကို ထိပ်ဆုံးနေရာတွင် ထားရှိပြီး ခြေလှမ်းမှန်မှန်ဖြင့် တိုးတက်ရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။