ကိုလံဘီယာ တောင်မြေပြိုကျမှုကြောင့် သေဆုံးသူဦးရေ ၃၃ ဦးအထိ တိုးလာ

(GMT+08:00)2022-12-08 14:53:19  

ဒေသစံတော်ချိန် ဒီဇင်ဘာလ ၄ ရက်နေ့က ကိုလံဘီယာနိုင်ငံ ချော်ကို ပြည်နယ်သို့ ပေါက်ရောက်သော ကာလမ်းတွင် ဖြစ်ပွားခဲ့သော တောင်မြေပြိုကျမှုကြောင့် သေဆုံးသူ ဦးရေမှာ ၃၃ ဦး အထိ တိုးလာခဲ့ကြောင်း ကိုလံဘီယာ ရီဆာလာတာပြည်နယ် အစိုးရက ၅ ရက်နေ့က အတည်ပြု ဖော်ပြခဲ့ပါသည်။ ကိုလံဘီယာအနောက်မြောက်ပိုင်း လမ်းတစ်လမ်းတွင် တောင်မြေပြိုကျမှုဖြစ်ပွားခဲ့ရာ လူ ၃-၄ဆယ် သေဆုံးသွားပြီး ဘတ်စကားတစ်စီးနှင့် ကားပေါ်ရှိ ခရီးသည်အချို့ကို ပိတ်မိခဲ့သည်ဟု ကိုလံဘီယာသမ္မတ ပယ်ထရိုက ဖော်ပြပါသည်။