ထောင်နှင့်ချီသော ဘဲနီများသည် စိန်ယန်မြို့ရှိ ရေခဲမြစ်တွင် ကျက်စားမှီခို

(GMT+08:00)2022-12-08 14:51:56  

ယခုနှစ်များတွင် မြို့ပြ၏ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ Urban Heat Island Effect ထင်ရှားလာပါပြီ။ Hun Heမြစ်ဝန်း၏ ရေလွှဲတံခါး၊ ရေညစ်စွန့်ပစ်ရာနေရာ၊ ရာဘာတံမံ စသည့်နေရာများတွင် ဆောင်းရာသီတစ်လျှောက်လုံး ရေခဲခြင်းမရှိသောကြောင့် ယင်းမြစ်ရေဝန်းတွင် ရေအပူချိန် မြင့်မားလာကာ အချို့ရေငှက်သည် နေရာမရွှေ့ပြောင်းဘဲ စိန်ယန်မြို့၌ ဆောင်းရာသီတွင် အသက်ရှင်နိုင်ပါသည်။ Hun Heမြစ်ဝန်းအပိုင်းတွင် နှစ်စဉ် ဆောင်းကူးသော ဘဲနီ(Tadorna ferruginea)ကောင်ရေ (၃၀၀၀)မှနေ (၅၀၀၀)ခန့်အထိရှိပါသည်။ ဒါကြောင့် ဆောင်းရာသီတစ်ခုလုံးတွင် ယင်းငှက်များသည် စိန်ယန်မြို့၌ အသက်ရှင်ဆောင်းကူးရန် ပြဿနာမရှိပေ။