ရှီကျင့်ဖိန်သည် ဆော်ဒီအာရေဗျ မီဒီယာတွင် ဆောင်းပါးရေးသားပြီး စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အလေးထား ဖော်ပြ

(GMT+08:00)2022-12-08 15:34:28  

   ယခုလ ၈ရက်နေ့က ရီယာ့ဒ်မြို့သို့ ရောက်ရှိပြီး ပထမအကြိမ် တရုတ်-အာရပ်နိုင်ငံများ ထိပ်သီးများအစည်းအဝေး၊ တရုတ်-ပင်လယ်ကွေ့ အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ ထိပ်သီးများအစည်းအဝေးသို့ တက်ရောက်ကာ ဆော်ဒီအာရေဗျသို့ တရားဝင် ခရီးလှည့်လည်ခြင်း ပြုလုပ်တော့မည့် အခါသမယတွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဆော်ဒီအာရေဗျ နိုင်ငံ Al-Riyadh Dailyသတင်းစာတွင် “နှစ်တစ်ထောင်ရှိ ချစ်ကြည်ရေးကို ဆက်ခံပြီး သာယာလှပသော အနာဂတ်ကို အတူ ဖန်တီး”ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ကို ရေးသားရာ တရုတ်နှင့် အာရပ်နိုင်ငံများ အကြားရှိ သမိုင်းကြောင်း နှစ်ပေါင်းတစ်ထောင်ကျော် ရှိသော ချစ်ကြည်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံရေးကို ပြန်လည်သုံးသပ်ကြောင်း၊ တရုတ်နှင့် အာရပ်နိုင်ငံများ၊ တရုတ်-ပင်လယ်ကွေ့ အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ အကြား ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် ရှေ့အလားအလာ များစွာ ရှိပြီး အနာဂတ်တွင် စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကာ ယနေ့ခေတ်ကို ရှေးရှုသော တရုတ်-အာရပ် ကံကြမ္မာတူ အသိုက်အဝန်းကို တည်ဆောက်၍ တရုတ်-ပင်လယ်ကွေ့ အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှုကို ထားရှိသင့်ကြောင်း ဖော်ပြသည်။