အင်ဒိုနီးရှားရှိSemeru မီးတောင် ဆက်လက် ပေါက်ကွဲနေသဖြင့် ဒေသခံများသည် ၎င်းတို့၏ ပစ္စည်းဥစ္စာများကို ထုပ်ပိုးကာ ဘေးကင်းရာသို့ ရွှေ့ပြောင်း

(GMT+08:00)2022-12-08 14:55:05  

ဒေသစံတော်ချိန် ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်၂ နာရီ ၄၆ မိနစ်တွင် အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်ရှိ Semeru မီးတောင်သည် စတင် ပြင်းထန်စွာ ပေါက်ကွဲခဲ့ပါသည်။ အင်ဒိုနီးရှားမီဒီယာမှ သတင်းထုတ်ပြန်ချက်အရ ၄ ရက်နေ့မှ၅ ရက်နေ့အထိ Semeru မီးတောင်သည် အကြိမ်၂၂ ကြိမ် ပေါက်ကွဲပြီဖြစ်ပြီး မီးတောင်ပြာသည် ရွာအမြောက်အများကို ဖုံးလွှမ်းခဲ့ပါသည်။ ဘေးအန္တရယ် ကယ်ဆယ်ရေးဌာနသည် နေအိမ်မှ ထွက်ပြေးတိမ်းရှောင်နေရသူ ၂၀၀၀ခန့်ကို ပြန်လည်နေရာ ချထားရေး အတွက် ယာယီကယ်ဆယ်ရေးစခန်း ၁၁ ခုကို ထားရှိခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။