ရှီကျင့်ဖိန်သည် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အစည်းအဝေးကို ကြီးမှူးကျင်း

(GMT+08:00)2022-12-08 15:13:08  

ယခုလ ၆ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့သည် အစည်းအဝေး ကျင်းပရာ ၂၀၂၃ခုနှစ် စီးပွားရေး လုပ်ငန်းကို သုံးသပ်လေ့လာပြီး တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ စည်းမျဉ်းစည်းကမ်း ကြပ်မတ်ရေး ကော်မတီ၏ လုပ်ငန်း အစီရင်ခံခြင်းကို နာကြားကာ ၂၀၂၃ခုနှစ် ပါတီသန့်စင်ရေးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းကို လေ့လာ စီစဉ်ပေးသည်။ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် အစည်းအဝေးကို ကြီးမှူးကျင်းပခဲ့သည်။