ဗြိတိန်၌ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စားသောက်ကုန် ဈေးနှုန်းသည် တစ်ဆင့်တိုးမြင့်တက်လာနိုင်ဖွယ်ရှိသည်ဟု ဗြိတိန် ပြည်လုံးဆိုင်ရာ လယ်သမားများသမဂ္ဂ သတိပေး

(GMT+08:00)2022-12-07 15:52:07  

လက်ရှိအချိန်တွင် ဗြိတိန်နိုင်ငံ စူပါမားကတ်ကြီးများစွာ၌ ကြက်ဥချို့တဲ့သောကြောင့် ဈေးနှုန်းမြင့်တက်လာပါသည်။ စွမ်းအင်နှင့် ဓါတ်မြေသြဇာ၏ စရိတ် တစ်ရှိန်ထိုးမြင့်တက်လာသောကြောင့် ဗြိတိန်စားသောက်ကုန် ထောက်ပံ့ရေးဖူလုံမှုသည် ခြိမ်းခြောက်မှုနှင့်ရင်ဆိုင်နေရကြောင်း၊ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက် ထောက်ပံ့ရေးချို့တဲ့မှုဖြစ်နိုင်ဖွယ်ရာရှိပြီး ဈေးနှုန်းသည် တစ်ဆင့်တိုး မြင့်တက်လာ နိုင်ဖွယ်ရာရှိကြောင်း၊ ဗြိတိန်အစိုးရအနေနှင့် ထိရောက်သောနည်းလမ်းဖြင့် မကျင့်သုံးနိုင် ပါက ကြက်ဥထောက်ပံ့ရေး မလုံလောက်မှုအခြေအနေသည် “အစတစ်ခုသာ ဖြစ်နိုင်ဖွယ်ရာ” ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ ပြည်လုံးဆိုင်ရာ လယ်သမားများသမဂ္ဂက သတိပေးသည်ဟု ဗြိတိန်မီဒီယာမှ ၆ရက်နေ့ထုတ် သတင်းအရ သိရပါသည်။