ရှီကျင့်ဖိန်သည် ဆော်ဒီအရေဗျနိုင်ငံသို့ သွားရောက်ခရီးလှည့်လည်မည်

(GMT+08:00)2022-12-07 15:48:07  

ဆော်ဒီအရေဗျဘုရင် ဆာလမန် အယ်လ် ဆောဒ်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဒီဇင်ဘာလ ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဆော်ဒီအရေဗျနိုင်ငံ ရီယာ့ဒ်မြို့သို့ သွားရောက်ပြီး ပထမအကြိမ် တရုတ်-အာရပ်နိုင်ငံများ ထိပ်သီးများအစည်းအဝေး၊ တရုတ်-ပင်လယ်ကွေ့ အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် ထိပ်သီးများအစည်းအဝေးသို့ တက်ရောက်မည်ဖြစ် ပြီး ဆော်ဒီအရေဗျနိုင်ငံတွင် တရားဝင် ခရီးလှည့်လည်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာ့ချွင်းယဉ်က ဖော်ပြပါသည်။