ကန်စီးပွားရေးသည် ဆုတ်ယုတ်ကျဆင်းသွားနိုင်ဖွယ်ရာရှိပြီး S&P 500အညွှန်းကိန်းသည် လာမည့်လအနည်းငယ်အတွင်း ရာခိုင်နှုန်း(၂၀) ထပ်မံကျဆင်းနိုင်ဖွယ်ရာရှိသည်ဟု ကန်ဘဏ်ဆို

(GMT+08:00)2022-12-07 15:51:31  

    ဒီဇင်ဘာလ ၅ရက်နေ့က အမေရိကန်ဘဏ်မှ မဟာဗျူဟာမြောက် တွေးခေါ်မျှော်မြင်တတ်သူက ၂၀၂၃ခုနှစ်သည် အမေရိကန် စတော့ရှယ်ယာဈေးကွက် အတွက် မငြိမ်မသက်ဖြစ်မိသောနှစ်တစ်နှစ် ထပ်ဖြစ်နိုင်ကြောင်း၊ အမေရိကန်စီးပွားရေးသည် လာမည့်လအနည်းငယ်အတွင်း ဆုတ်ယုတ်ပါက S&P 500အညွှန်းကိန်းသည် များစွာကျဆင်းနိုင်မည်ဖြစ်ပြီး ရာခိုင်နှုန်း(၂၀) ကျဆင်းနိုင်ကြောင်း ပြောကြားခဲ့သည်ဟု အမေရိကန် Foxသတင်းကွန်ရက်မှ သတင်းကိုကိုးကား၍ China Media Groupက ရေးသားဖော်ပြပါသည်။