ယခုနှစ် အမေရိကန်တွင် တုပ်ကွေးရောဂါကြောင့် လူ၈ သောင်းနီးပါး ဆေးရုံတက်

(GMT+08:00)2022-12-07 15:51:00  

ဒီဇင်ဘာလ ၅ရက်နေ့တွင် အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာမှ တာဝန်ရှိသူက ယခုနှစ် အမေရိကန်နိုင်ငံတွင် တုပ်ကွေးရောဂါကြောင့် ဆေးရုံတက်မှုနှုန်းသည် ၁၀ နှစ် အတွင်း အမြင့်ဆုံး ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် အသက်ရှူလမ်းကြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ဦးရေ မြင့်တက်လာခြင်းကြောင့် ဆေးရုံများသည် ကြီးမားသောဖိအားကို ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့ပါသည်ဟု    ရိုက်တာသတင်းဌာနမှသတင်းရရှိပါသည်။

အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာမှ ခန့်မှန်းချက်အရ ယခုနှစ်အတွင်း အမေရိကန် တစ်ပြည်လုံးတွင် အနည်းဆုံးလူ ၈.၇ သန်း တုပ်ကွေးရောဂါ ကူးစက်ခံရမည်ဖြစ်ပြီး တုပ်ကွေးကြောင့် လူ ၇၈၀၀၀ ဆေးရုံတက်ရကာ လူ ၄၅၀၀ သေဆုံးမည်ဖြစ်ကြောင်း သိရပါသည်။