ဂျပန်သည် နိုင်ငံတော်ကာကွယ်ရေးဘတ်ဂျက်ကို သိသိသာသာ မြှင့်တက်သွားခြင်းနှင့်ပတ်သက်၍ တရုတ်တုံ့ပြန်ပြောဆို

(GMT+08:00)2022-12-07 15:50:05  

    မကြာခင်က ဂျပန်နိုင်ငံတော်ကာကွယ်ရေးဘတ်ဂျက်ကို သိသိသာသာ မြှင့်တင်သွားရန် ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီတာက ညွှန်ကြားခဲ့ပါသည်။ ယင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဂျပန်၏ စီစဉ်ချက်သည် အန္တရာယ်များစွာရှိကြောင်း၊ ဂျပန်အနေနှင့် ၄င်းတို့၏ ကျူးကျော်မှုသမိုင်းကို အလေးအနက် ပြန်လည် သုံးသပ်သင့်ပြီး အိမ်နီးချင်း အာရှနိုင်ငံများ၏ လုံခြုံရေးဆိုင်ရာ အလေးထားမှုများကို လေးစားသင့်ကာ၊ စစ်ရေးလုံခြုံရေး နယ်ပယ်တွင် ချင့်ချင့်ချိန်ချိန် ပြောဆိုပြုမူပြီး ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုအတွက် အကျိုးရှိသော ဆောင်ရွက်မှုများကို လုပ်ဆောင်သင့်ကြောင်း ယမန်နေ့ ၆ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာ ရှင်းလင်းပွဲ၌ ဖော်ပြပါသည်။