တရုတ်ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြန်အလှန် ပေါင်းစပ်ပြီး အပြန်အလှန် ကူးပံ့နေဟု တရုတ်ဆို

(GMT+08:00)2022-12-07 15:49:35  

မကြာမီရက်များက ဂျာမဏီ ဝန်ကြီးချုပ် Scholz က "နိုင်ငံခြားရေးရာ" မဂ္ဂဇင်းတွင် ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ပြီး တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ခြင်းသည် တရုတ်နိုင်ငံကို အထီးကျန်ဖြစ်စေရန် အကြောင်းပြချက် မဟုတ်သလို တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို ကန့်သတ်ရန် အကြောင်းပြချက်လည်း မဟုတ်ကြောင်း ဖော်ပြခဲ့သည်။

ယင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က တရုတ်နိုင်ငံသည် ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းပြီး အတူဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးသော နိုင်ငံခြားရေး မူဝါဒ ရည်မှန်းချက်ကို စွဲကိုင်ကာ နိုင်ငံအသီးသီးနှင့် ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းနေကြောင်း၊ ဝန်ကြီးချုပ် Scholz နှင့် တွေ့ဆုံစဉ် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ပြောသလိုပင် တရုတ်နိုင်ငံသည် ကိုယ့်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်း တိုးမြှင့်ကာ တရုတ်ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြန်အလှန် ပေါင်းစပ်ပြီး အပြန်အလှန် ကူးပံ့နေကြောင်း ဒီဇင်ဘာလ၆ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။