၂၀၂၂ ခုနှစ် တရုတ်-အာရပ် မီဒီယာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဆော်ဒီအာရေဗျ၌ ကျင်းပ

(GMT+08:00)2022-12-07 15:49:09  

၂၀၂၂ ခုနှစ် တရုတ်-အာရပ် မီဒီယာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ဒေသစံတော်ချိန် ဒီဇင်ဘာလ ၅ ရက်နေ့က ဆော်ဒီအာရေဗျ နိုင်ငံမြို့တော် ရီယတ်၌ ကျင်းပခဲ့ပါသည်။ ယခုအကြိမ် ဖိုရမ်ကို China Media Groupနှင့် ဆော်ဒီအာရေဗျ သတင်းဝန်ကြီးဌာနတို့ ပူးတွဲ ဦးစီး ကျင်းပခြင်း ဖြစ်ပြီး ဆောင်ပုဒ်မှာ ကူးလူးဖလှယ်မှုနှင့် အပြန်အလှန် လေ့လာကိုးကားမှုကို တိုးမြှင့်ပြီး တရုတ်နှင့် အာရပ်နိုင်ငံများ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအား ပေးခြင်း ဖြစ်ပါသည်။ တရုတ်နှင့် အာရပ်နိုင်ငံ ၂၂ နိုင်ငံမှ အစိုးရ အရာရှိများ၊ မီဒီယာ ဌာနများမှ ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်ပညာများ စုစုပေါင်း လူ ၁၅၀ ကျော်တို့သည် အွန်လိုင်းနှင့် အော့ဖ်လိုင်းပုံစံဖြင့် ဖိုရမ်သို့ တက်ရောက်ခဲ့ကြသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံက China Media Group သည် ယခုအကြိမ် ဖိုရမ်ကို အခွင့်ကောင်းအဖြစ် ထားပြီး အာရပ်နိုင်ငံများ အလွှာပေါင်းစုံတို့နှင့် ကူးလူး ဖလှယ်မှုကို နက်ရှိုင်းစွာ ပြုလုပ်၍ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုကို အားသစ်လောင်းပေးမည် ဖြစ်ကာ၊ တစ်ကမ္ဘာလုံး ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်နှင့် တစ်ကမ္ဘာလုံး လုံခြုံရေး အဆိုပြုချက်ကို တက်ကြွစွာ အကောင်အထည် ဖေါ်ဆောင်မည် ဖြစ်ကြောင်း၊ တရုတ်နှင့်အာရပ် မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု အဆင့်သစ်သို့ မြင့်တက်စေရန် လက်တွဲ တွန်းအားပေးပြီး ခေတ်သစ်တွင် တရုတ်-အာရပ် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးရန်၊ လူသားကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရန်အတွက် မီဒီယာ၏ အကျိုးပြု စွမ်းဆောင်မှုများကို ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြားပါသည်။