COP15 ဒုတိယအဆင့်အစည်းအဝေးကို ကနေဒါနိုင်ငံ မွန်ထရီရယ်တွင် ကျင်းပမည်

(GMT+08:00)2022-12-07 15:50:32  

    ကုလသမဂ္ဂ ဇီဝမျိုးစုံတည်ရှိရေး အထွေထွေ သဘောတူစာချုပ် စာချုပ်ဝင်နိုင်ငံများ ၁၅ ကြိမ်မြောက် အစည်းအဝေး(COP15)၏  ဒုတိယ အဆင့် အစည်းအဝေးကို ဒီဇင်ဘာလ ၇ရက်နေ့တွင် သဘောတူစာချုပ် အတွင်းရေးမှူးရုံး တည်ရှိရာ ကနေဒါနိုင်ငံ မွန်ထရီရယ်မြို့တွင် ကျင်းပမည်ဖြစ်ကာ အစည်းအဝေး၏ ဆောင်ပုဒ်သည် "ဇီဝယဉ်ကျေးမှု- ကမ္ဘာမြေပေါ်ရှိ သက်ရှိများ အသိုက်အဝန်းကို အတူ တည်ဆောက်ခြင်း" ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် COP15 ၏ သဘာပတိနိုင်ငံ အဖြစ် ဆက်လက်ထမ်းဆောင်ပြီး အစည်းအဝေး၏ လက်တွေ့ကျသောရေးရာများနှင့် နိုင်ငံရေး ရေးရာများကို ဦးဆောင်မည်ဖြစ်ကြောင်း China Media Groupမှ သတင်းအရသိရပါသည်။