အင်ဒိုနီးရှားလွှတ်တော်သည် ရာဇဝတ်မှုဥပဒေပြင်ဆင်ရေးမူကြမ်းကို အတည်ပြုပြီး လင်မယားမဟုတ်သောလိင်ဆက်ဆံမှုနှင့် အိမ်ထောင်မပြုမီ လိင်ဆက်ဆံမှုကို ပြစ်မှုကျူးလွန်မှု အဖြစ် သတ်မှတ်

(GMT+08:00)2022-12-07 15:52:42  

ဒီဇင်ဘာလ ၆ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံလွှတ်တော်သည် ရာဇဝတ်မှု ဥပဒေ ပြင်ဆင်ရေးမူကြမ်းကို အတည်ပြုခဲ့ပြီး လင်မယားမဟုတ်သော လိင်ဆက်ဆံမှုကို ပြစ်မှုကျူးလွန်မှု အဖြစ် သတ်မှတ်ခဲ့ပါသည်။ ယင်းလုပ်ရပ်သည် နိုင်ငံတွင်း လူ့အခွင့်အရေးနှင့် လွတ်လပ်မှုကို ခြိမ်းခြောက်မည်ဟု ပြစ်တင်ဝေဖန်သူများက ဆိုကြပါသည်။

ယင်းရာဇဝတ်မှုဥပဒေပြင်ဆင်ရေးမူကြမ်းသည် အိမ်ထောင်မပြုမီ အတူနေထိုင်ခြင်း၊ သမ္မတသို့မဟုတ် နိုင်ငံတော်အဖွဲ့အစည်းများကို အသရေဖျက်ခြင်း စသည့် လုပ်ရပ်များကိုလည်း ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားပြီး အင်ဒိုနီးရှား နိုင်ငံတော်အတွေးအခေါ် Panchahiraနှင့် ဆန့်ကျင်သော အမြင်များ ဖော်ပြခြင်းကိုလည်း ပိတ်ပင်မည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၆ ရက်နေ့တွင် CNN မှ သတင်းဖော်ပြခဲ့ပါသည်။