အင်ဒိုနီးရှားမီးတောင် ပေါက်ကွဲပြီး ကယ်ဆယ်ရေးလှုပ်ရှားမှုများ ဆက်တိုက်ဆောင်ရွက်

(GMT+08:00)2022-12-06 16:33:00  

    ဒေသစံတော်ချိန် ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၅ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်း အရှေ့ပိုင်းရှိ Semeru မီးတောင် ပေါက်ကွဲခဲ့ပြီးနောက် ကယ်ဆယ်ရေးလှုပ်ရှားမှုများကို ဆက်တိုက်ဆောင်ရွက်နေပါသည်။ Semeru မီးတောင်သည် ၄ရက်နေ့နံနက်လင်းအားကြီး အချိန်က စတင်ပေါက်ကွဲခဲ့ပြီး ၅ရက်နေ့က ပေါက်ကွဲမှုအရှိန် လျော့ကျသွားခဲ့သော်လည်း မီးတောင်ပြာသည် မိုးရေနှင့်ထိတွေ့၍ ရွှံ့များကျောက်များပါသောအစီးဖြစ်လာမည့် ခြိမ်းမြောက်မှု ရှိသေးပါသည်။ လက်ရှိအချိန်အထိ လူ (၂၄၀၀)ကျော်ကို အရေးပေါ် ပြောင်းရွှေ့ပြီဖြစ်ပါသည်။