"Made in China" သည် ကာတာနိုင်ငံ၏ "ကာဗွန်ဓါတ်ပြယ်မှု" ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကျင်းပခြင်း ကတိကဝတ်အတွက် အားကောင်းသော ကျားကန်ပေးမှုကို ပေးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2022-12-06 16:31:23  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်သည် ဒီဇင်ဘာလ ၅ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံ ကုမ္ပဏီလုပ်ငန်း သည် ကာတာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် အထောက်အကူပြုခြင်းဆိုင်ရာ အကြောင်းကို မိတ်ဆက်ခဲ့ပါသည်။ မော်နင်က တရုတ်နိုင်ငံ ကုမ္ပဏီသည် တာဝန်ခံတည်ဆောက်ထားသည့် Al Kharsaah ဓါတ်အားပေးစက်ရုံက ကာတာနိုင်ငံ၏ ပထမဆုံးသော ဇီဝရုပ်ကြွင်းလောင်စာသုံးမဟုတ်သော ဓါတ်အားပေးစက်ရုံဖြစ်ပြီး ကာတာနိုင်ငံ၏  "ကာဗွန်ဓါတ်ပြယ်မှု" ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကျင်းပခြင်း ကတိတဝတ်အတွက် အားကောင်းသော ကျားကန်ပေးမှုကို ပေးခဲ့ပါသည်။