"စီးပွားရေး အကျပ်ကိုင်မှု" နှင့်ပတ်သက်လျှင် အမေရိကန်ပင် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2022-12-06 16:32:25  

ဒီဇင်ဘာလ ၅ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က “စီးပွားရေးအကျပ်ကိုင်မှု”နှင့်ဆက်သက်လျှင် အခြားနိုင်ငံများအား တရုတ်ကုမ္ပဏီထုတ် ပစ္စည်းများကို အသုံမပြုရန်နှင့် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု မဆောင်ရွက်ရန် အမေရိကန်နိုင်ငံမှ ပြောင်ပြောင်တင်းတင်း ဖိအားပေးခြိမ်းခြောက်ခြင်းသည် “စီးပွားရေး အကျပ်ကိုင်မှု” ပင် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

မောနင်က အမေရိကန်နှင့် ဥရောပတို့သည် ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်၏ ဗဟိုချက်မ အဆင့်နေရာကို ထိန်းသမ်းကာကွယ်ရန် အလေးထား ထောက်ပြခဲ့ကြသော်လည်း အမေရိကန်နှင့် အချို့ဥရောပနိုင်ငံများသည် နိုင်ငံတကာ အငြင်းပွားမှု ငြိမ်းချမ်းစွာ ဖြေရှင်းရေးနှင့် အခြားနိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်မစွက်ဖက်ခြင်းစသည့် ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်တွင် ရှင်းလင်းပြတ်သားစွာ သတ်မှတ်ထားသော အခြေခံမူများကို လျစ်လျူရှုပြီး လူ့အခွင့်အရေးကို အကြောင်းပြချက်အဖြစ် အသုံးပြုခြင်းဖြင့် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရုံးသာမက အီရတ်နှင့် ဆီးရီးယားစသည့် အချုပ်အခြာအာဏာပိုင် နိုင်ငံများကိုလည်း ဝင်ရောက်ကျူးကျော် တိုက်ခိုက်ခဲ့ကြကြောင်း ထောက်ပြခဲ့ပါသည်။