၈၀ ရာခိုင်နှုန်းကျော် ဘရာဇီးဘောလုံးသမားများ၏ဝင်ငွေသည် အနိမ့်ဆုံးလုပ်ခလစာထက် နည်းပါး

(GMT+08:00)2022-12-06 16:33:30  

ကာတာနိုင်ငံမှာ ကျင်းပနေသော ကမ္ဘာ့ဖလားဘောလုံး ပြိုင်ပွဲတွင် ဘရာဇီးအသင်းက စွမ်းဆောင်ရည်ကောင်းမွန်ပြီး အသင်းတစ်ခုလုံး၏ တန်ဖိုးက ဈေးကြီးလှကာ ၎င်းတို့၏ တန်ဖိုးသည် ယူရိုငွေ ၁ ဘီလီယံ ကျော်လွန်၍ သူတို့၏လုပ်ခလစာမှာလည်း နက္ခတ္တဗေဒ ကိန်းဂဏန်းဖြစ်ပါသည်။ အဆိုပါထိပ်တန်းကစားသမားများနှင့်မတူဘဲ ဘရာဇီးဘောလုံးသမား ၈၀ ရာခိုင်နှုန်း ကျော်၏ ဝင်ငွေက အနိမ့်ဆုံးလုပ်ခလစာထက် ပိုနည်းပါသည်။

ဘောလုံးသမားအများစုက ဆယ်ကျော်သက်အရွယ်မှာ စာကျက်ရတာ မကြိုက်သောကြောင့် ကလပ်မှာ နာမည်မဖော်နိုင်လျှင် အခြားနယ်ပယ်များတွင် တိုးတက်ဖို့ ခက်ခဲလိမ့်မည်ဖြစ်ပြီး အနာဂတ်တွင် ၄င်းတို့၏ ၀င်ငွေကိုလည်း ထိခိုက်မည်ဖြစ်ကြောင်း၊ သို့သော် ဘရာဇီးဘောလုံးအသိုင်းအဝိုင်းက ယင်းပြဿနာကို သိမြင်နားလည်မှုမရှိသေးကြောင့် ဒီအခြေအနေဟာ နောက်ဆယ်နှစ်ကနေ နှစ်နှစ်ဆယ်တွင်း ပြောင်းလဲမည် မဟုတ်ဟုခန့်မှန်းရကြောင်း ဘရာဇီးဘောလုံးတက္ကသိုလ် တည်ထောင်သူ Joao Medina က ယူဆပါသည်။