ကားခရှင်းရန် ငြင်းဆိုပြီး တောင်ကိုရီးယားဆိုင်ရာ ကန်တပ်သားသည် တောင်ကိုရီးယား တက္ကစီကားသမားကို လက်သီးဖြင့် ဒါဇင်နှင့်ချီ၍ ရိုက်နှက်

(GMT+08:00)2022-12-06 16:34:00  

နိုဝင်ဘာလ ၂၇ရက်နေ့ နံနက် ၁နာရီခွဲက တောင်ကိုရီးယားဆိုင်ရာ အမေရိကန်တပ်သားတစ်ယောက်သည် တက္ကစီကားဖြင့် သွားရောက်ရမည့်နေရာသို့  ရောက်ရှိပြီး Credit Cardဖြင့် ကားခရှင်း၍မရသောကြောင့် ကားသမားနှင့်အတူ ငွေရှင်းရန် ကားဆင်းပြီး ATMစက်သို့ သွားခဲ့ပါသည်။ မမျှော်လင့်ဘဲ အမေရိကန်တပ်သားသည် ကားသမား၏ခေါင်းကို လက်သီးဖြင့် ဒါဇင်နှင့်ချီ၍ ရိုက်နှက်ပြီး အခြေစိုက်စခန်းသို့ ပြန်ထွက်ပြေးခဲ့ပါသည်။

ရဲများသည် ရောက်ရှိပြီးနောက် တက္ကစီကားထဲတွင် အမေရိကန်တပ်သား ကျန်ရစ်သော ပိုက်ဆံအိပ်ကို တွေ့ရှိပြီး ၎င်းထဲရှိ သက်သေခံလက်မှတ်မှတစ်ဆင့် ပြစ်မှုကျူးလွန်သူက အမေရိကန်တပ်သားဖြစ်သည်ဟု အတည်ပြုခဲ့ပါသည်။