ကိုလံဘီယာ အနောက်တောင်ပိုင်းတွင် မြေပြိုမှုဖြစ်ပွား၍ လူများစွာ နစ်မြုပ်

(GMT+08:00)2022-12-05 13:21:20  

    ဒေသစံတော်ချိန် ဒီဇင်ဘာလ ၄ ရက်နေ့က ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်း ချော်ကိုပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် တောင်မြေပြိုမှု ဖြစ်ပွားခဲ့ကြောင်း၊ ဒေသန္တရအစိုးရက လက်ရှိအချိန်တွင် ခရီးသည် ၂၅ ဦးထက်မနည်း တင်ဆောင်သော ဘတ်စ်ကားတစ်စင်း နစ်မြုပ်သည်ဟု အတည်ပြုပြီး အခြားကားများနှင့် ဆိုင်ကယ်များလည်း နစ်မြုပ်ခဲ့သည်ဟု မျက်မြင်အချို့က ပြောကြားခဲ့ကြောင်း China Media Groupမှ သတင်းအရသိရပါသည်။

လက်ရှိအချိန်အထိ ဒဏ်ရာရရှိသူ ၆ဦးကို ကယ်ဆယ်မှုခံခဲ့ရကာ သေဆုံးသူ၃ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း၊ ဒေသစံတော်ချိန်၎ရက်နေ့ညနေပိုင်းက ဒေသန္တရအစိုးရက ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသော်လည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကယ်ဆယ်ရေးအခက်အခဲများ တိုးလာနေသည်ဟု ပြောခဲ့ကြောင်း သတင်းရရှိပါသည်။