တရုတ်-ဥရောပ ရထားလမ်း ယိဝူးပလပ်ဖောင်းတွင် အဆင့်သစ် ရောက်ရှိလာ

(GMT+08:00)2022-12-05 13:18:47  

    ဒီဇင်ဘာလ ၄ ရက်နေ့က 100 TEUs အပြည့်တင်ဆောင်ထားသည့် “ယိဝူး-ရှင်းကျန်း-ဥရောပ” တရုတ်-ဥရောပ မီးရထားသည် ယိဝူး ဘူတာဂိတ်မှ ထွက်ခွာပြီး ရုရှားနိုင်ငံ မော်စကို မြို့တော်သို့ သွားရောက်မည်ဖြစ်ပါသည်။ ၂၀၂၂ခုနှစ်တွင် တရုတ်-ဥရောပရထားလမ်း ယိဝူးပလပ်ဖောင်းတွင် ရထား ပေါင်း ၁၅၀၀ကျော် ပြေးဆွဲပြီး ခုန်ပျံကျော်လွှားသော ဖွံ့ဖြိုးတိုးတက်မှု ရရှိခဲ့ပါသည်။ ၂၀၂၂ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ယိဝူးအကောက်ခွန်ရုံး၏ ကြီးကြပ်စစ်ဆေးမှုအောက်တွင် တရုတ်-ဥရောပ ရထားလမ်း၏ သွန်းကုန်ပို့ကုန်ပမာဏမှာ တရုတ်ယွမ်ငွေ ၁၈.၆၃ဘီလီယံရှိကြောင်း သတင်းရရှိပါသည်။