ရုရှားသည် ဆက်လက်တိုက်ခိုက်မည်ဟုကျေညာပြီး ယူကရိန်းက ရုရှား၏ တိုက်ခိုက်မှုကို တွန်းလှန်တိုက်ဖျက်ပစ်သည်ဟု ကျေညာ

(GMT+08:00)2022-12-05 13:46:05  

ဒေသစံတော်ချိန် ယခုလ ၄ရက်နေ့က ရုရှားနိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနမှ စစ်ရေးကြေညာချက်အရ ရုရှားစစ်ဘက်သည် Donetskနှင့် Luganskစသော ဒေသများတွင် ယူကရိန်းစစ်တပ်ကို ဆက်လက်တိုက်ခိုက်ပြီး kupyanskမှ ယူကရိန်းစစ်တပ်ကို တွန်းလှန်တိုက်ဖျက်ပစ်ကြောင်း ဖော်ပြသည်။

ထိုနေ့တွင်ပင် ယူကရိန်းနိုင်ငံတော်သတင်းအေဂျင်စီမှ သတင်းအချက်အလက်အရ ယူကရိန်းစစ်တပ်သည် Luganskနှင့် Donetskတွင် ရုရှားစစ်တပ်၏ တိုက်ခိုက်မှုများကို တွန်းလှန်တိုက်ဖျက်ပစ်ခဲ့ကြောင်း၊ ယူကရိန်းလေတပ်သည် ရုရှားစစ်ဝန်ထမ်းနှင့် လက်နက်ခဲယမ်းစုစည်းသော ဒေသများတွင် တိုက်ခိုက်မှု ၂၂ကြိမ်ကို ပြုလုပ်ပြီး လေယာဉ်ပစ်ဒုံးကြည်စခန်းကို လေကြောင်းမှ တိုက်ခိုက်မှု ၃ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။