ကန် “ငွေကြေးဖေါင်းပွမှု လျှော့ချရေး ဥပဒေ”ကြောင့် ဥရောပ မကျေးမနပ်ဖြစ်မိ

(GMT+08:00)2022-12-05 13:47:23  

အမေရိကန်၏ “ငွေကြေးဖေါင်းပွမှု လျှော့ချရေး ဥပဒေ”သည် ဥရောပဘက်၏ ဝေဖန်မှု နှင့် သံသယဖြစ်မှုများကို ဖြစ်စေခဲ့ကြောင်း၊ ဒေသစံတော်ချိန် ဒီဇင်ဘာလ ၃ရက်နေ့က မီဒီယာနှင့် တွေ့ဆုံမေးမြန်းရာတွင် ဂျာမဏီနိုင်ငံဘဏ္ဍာရေးဝန်ကြီး Lindnerက ဥရောပနှင့် အမေရိကန်တို့၏ကုန်သွယ်ရေး အငြင်းပွားမှု အရှိန်မြင့်လာခြင်းနှင့်ပတ်သက်၍ သတိပေးခဲ့ ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

Lindnerက အမေရိကန်သည် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ လွန်စွာပါရှိသော စီးပွားရေးမူဝါဒကို ကျင့်သုံးနေသောကြောင့် ဥရောပ၏ဝေဖန်မှုဖြစ်စေပြီး ကုန်သွယ်ရေး အငြင်းပွားမှုအရှိန်မြင်လာသည့် အခြေအနေဖြစ်စေကြောင်း၊ ဂျာမဏီအစိုးရအနေနှင့် ကိုယ့်နိုင်ငံ၏ အကျိုးစီးပွားကို စဉ်းစားရပြီး အမေရိကန်၏ “ငွေကြေးဖေါင်းပွမှု လျှော့ချရေး ဥပဒေ”မှ ဆောင်ကြဉ်းလာသော အဆိုးဘက်ဂယက်ရိုတ်ခတ်မှုကို ရှင်းလင်းပြတ်သားစွာ သိမြင်ရကြောင်း၊ ဂျာမဏီစီးပွားရေးနှင့် အမေရိကန်ဈေးကွက်တို့သည် ရင်းနှီးစွာဆက်စပ် သောကြောင့် အမေရိကန်နှင့် စီးပွားရေးနှင့်နိုင်ငံခြားရေးစေ့စပ်ဆွေးနွေးပွဲကို ကျင်းပရန်လိုအပ်ပါကြောင်း ပြောကြားပါသည်။