ရှင်ကျိုး-၁၄ လူပါအာကာသယာဉ် မော်ဂျူးသည် မြေကမ္ဘာသို့ အောင်မြင်စွာ ပြန်လည် ဆင်းသက်

(GMT+08:00)2022-12-05 13:16:47  

တရုတ် လူပါ အာကာသလုပ်ငန်းရုံးမှ သတင်းအရ ရှင်ကျိုး-၁၄ လူပါအာကာသယာဉ် မော်ဂျူးသည် ပီကင်းစံတော်ချိန် ဒီဇင်ဘာလ ၄ ရက်နေ့ည ၈ နာရီ ၉ မိနစ်တွင် တုန်းဖုန်း ဆင်းသက်ကွင်း၌ အောင်မြင်စွာ ဆင်းသက်လာခဲ့ကြောင်း၊ အာကာသယာဉ်မှူး ချင်တုန်း၊ လျူယန်နှင့် ဆိုက်ရှုတို့သည် ကျန်းမာရေး အခြေအနေ ကောင်းမွန်ပါကြောင်း၊ ရှင်းကျိုး-၁၄ လူပါအာကာသယာဉ် ပျံသန်းမှုလုပ်ငန်း အောင်မြင်ခဲ့ကြောင်း China Media Group မှ သတင်းတွင် ဖေါ်ပြပါသည်။

အာကာသယာဉ်မှူး သုံးယောက်သည် ၅ ရက်နေ့ လင်းအားကြီး အချိန်တွင် လေယာဉ်ဖြင့် ပီကင်းသို့ ရောက်ရှိပြီး အာကာသစခန်း အဆင့်ကာလ ပျံသန်းရေး တာဝန် ဦးစီးဌာနချုပ်မှ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များသည် လေဆိပ်သို့ သွားရောက် ဆီးကြို ခဲ့ကြပါသည်။