နိုင်ငံများစွာမှ ခေါင်းဆောင်များသည် ရဲဘော် ကျန်ဇီမင်း ကွယ်လွန်ခြင်း အပေါ် ဝမ်းနည်းကြောင်း ဖေါ်ပြ

(GMT+08:00)2022-12-05 13:15:29  

   နိုင်ငံများစွာမှ ခေါင်းဆောင်များသည် ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခြင်းနှင့် အခြားအသွင်ပုံစံဖြင့် ရဲဘော် ကျန်ဇီမင်း ကွယ်လွန်ခြင်း အပေါ် ဝမ်းနည်းကြောင်း ဖေါ်ပြခဲ့ကြသည်။

   ထိုင်းဘုရင် Wajilalonggong  က သမ္မတ ကျန်ဇီမင်းသည် နိုင်ငံတကာ၌ ဂုဏ်ရည် ရှိသော တရုတ်ခေါင်းဆောင် ဖြစ်ရုံသာမက ထိုင်းပြည်သူများ လေးစားသော မိသားစုဝင်လည်း ဖြစ်ကြောင်း၊ ၁၉၉၉ ခုနှစ်တွင် သမ္မတ ကျန်ဇီမင်းက ထိုင်းနိုင်ငံ၌ ခရီးလှည့်လည်ခြင်းသည် နှစ်နိုင်ငံ ဆက်ဆံမှု တိုးတက်ရေးကို တွန်းအားပေးခဲ့ကြောင်း ဖေါ်ပြပါသည်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ဟာစီနာက ဘင်္ဂလားဒေ့ရှ်နှင့် တရုတ် နိုင်ငံအကြား ချစ်ကြည်ရေး ဆက်ဆံမှုသည် ကျန်ဇီမင်းက သမ္မတ ထမ်းဆောင်ခဲ့စဉ်တွင် များစွာ တိုးတက် လာကြောင်း၊ မိမိသည် ဘင်္ဂလားဒေ့ရှ် ပြည်သူများနှင့် အစိုးရ ကိုယ်စား နက်ရှိုင်းသော ဝမ်းနည်းကြောင်းနှင့် စိတ်ရင်းမှန်ဖြင့် နှစ်သိမ့်ကြောင်းကို ဖေါ်ပြပါကြောင်း ပြောကြားပါသည်။

   မော်ရိုကို၊ နိုင်ဂျီးရီးယား၊ ကင်ညာ၊ ဆီနီဂေါ၊ ဂျီဘူတီ၊ ဘရာဇီး၊ အစ္စရေး၊ ဆော်လမွန်ကျွန်းစုနိုင်ငံ၊ ကူဝိတ်၊ အီသီယိုပီးယား၊ ကင်မရွန်း၊ အာရပ်စော်ဘွားများနိုင်ငံ၊ ကာတာ၊ အာမန်း စသည့် နိုင်ငံများစွာမှ ခေါင်းဆောင်များသည်လည်း ရဲဘော် ကျန်ဇီမင်း ကွယ်လွန်ခြင်း အပေါ် ဝမ်းနည်းကြောင်း ဖေါ်ပြခဲ့ကြပါသည်။