အင်ဒိုနီးရှားနိုင်ငံ Sumatraကျွန်းတွင် ဧရာမ Titan Arumပန်း တွေ့ရှိ

(GMT+08:00)2022-12-05 13:48:54  

    ဒေသစံတော်ချိန် ဒီဇင်ဘာလ ၄ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ Sumatraကျွန်း Agamဒေသသစ်တောထဲတွင် အမြင့် ၄.၃၉မီတာရှိသော ဧရာမ Titan Arumပန်း တွေ့ရှိခဲ့ ပါသည်။ အနောက်Sumatraကျွန်း သဘာဝထိန်းသိမ်းစောင့်ရှောက်ရေးဌာနက ယင်းသည် ယခုအထိ သစ်တောထဲတွင် တွေ့ရှိသော အကြီးဆုံး ပန်းပွင့်ပြီးသည့် Titan Arumပန်းများတွင် တစ်ပွင့်အပါအဝင်ဖြစ်သည်ဟု ပြောကြားပါသည်။ Titan Arumပန်းသည် “အလောင်းကောင်ပန်း”ဟုလည်း ခေါ်ဆိုပါသည်။ ၎င်းသည် အလောင်းပုပ်နံ့ရှိသောကြောင့် “ကမ္ဘာ့ အနံ့အဆိုးဆုံးပန်း”ဟု ခေါ်လျက်ရှိပါသည်။