နိုင်ငံများစွာမှ ထိပ်သီးခေါင်းဆောင်များသည် နိုင်ငံခြား ဆိုင်ရာ တရုတ် သံရုံများသို့ သွားရောက်ပြီး ကျန်ဇီမင်း၏ ကွယ်လွန်သွားခြင်း အတွက် ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြ

(GMT+08:00)2022-12-05 13:14:46  

မကြာခင် ရက်များတွင် နိုင်ငံများစွာမှ ထိပ်သီးခေါင်းဆောင်များသည် နိုင်ငံခြား ဆိုင်ရာ တရုတ် သံရုံများသို့ သွားရောက်ပြီး ကျန်ဇီမင်း၏ ကွယ်လွန်သွားခြင်း အတွက် လေးနက်သော ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြသည်။

ယခုလ ၃ရက်နေ့က ဆာဗီးယား သမ္မတ ဗူချီခ်ျသည် ဆာဗီးယား ဆိုင်ရာ တရုတ် သံရုံးသို့ သွားရောက်ပြီး ကျန်ဇီမင်း၏ ကွယ်လွန်သွားခြင်း အတွက် ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြရာတွင် ရဲဘော် ကျန်ဇီမင်းသည် ဆာဗီးယား နိုင်ငံ၏ မွန်မြတ်သော မိတ်ဆွေ ဖြစ်ပြီး ဆာဗီးယား၏ အခက်ခဲဆုံး အချိန်တွင် ဆာဗီးယားအား အားကောင်းသော အားပေးထောက်ခံမှုကို ပေးအပ်ခဲ့ကြောင်း၊ ဆာဗီးယားသည် တရုတ်ပြည်၏ သစ္စာစောင့်သိရိုသေ၍ ရိုးသားဖြောင့်မတ်သော မိတ်ဆွေ ထာဝရ ဖြစ်မည် ဖြစ်ကြောင်း ပြောကြားသည်။

ဂိုင်ယာနာနိုင်ငံ သမ္မတ အာလီသည် ဂိုင်ယာနာ ဆိုင်ရာ တရုတ် သံရုံးသို့ သွားရောက်ပြီး ကျန်ဇီမင်း၏ ကွယ်လွန်သွားခြင်း အတွက် ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြရာတွင် ကျန်ဇီမင်းသည် ဂိုင်ယာနာ၏ ရင်းနှီးသော မိတ်ဆွေ ဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု နယ်ပယ်များတွင် ဂိုင်ယာနာ-တရုတ် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရန် အတွက် အရေးကြီးသော အကျိုးပြုမှုကို စွမ်းဆောင်ခဲ့ကြောင်း ပြောကြားသည်။

ဆူရီနမ် နိုင်ငံ သမ္မတ SANTOKHIသည် ဆူရီနမ် ဆိုင်ရာ တရုတ် သံရုံးသို့ သွားရောက်ပြီး ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြရာတွင် ကျန်ဇီမင်းသည် တရုတ် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ဦးဆောင်သူ ဖြစ်ပြီး ဆူရီနမ်-တရုတ် ချစ်ကြည်ရေးကို တွန်းအားပေးသူနှင့် ကိုယ်တွေ့မျက်မြင်လည်း ဖြစ်ကြောင်း ပြောကြားသည်။