Charles III နန်းတက်ပွဲအတွက် ဗြိတိန်နိုင်ငံစိန့်အက်ဒ်ဝပ်သရဖူကို ပြုပြင်မွမ်းမံမည်

(GMT+08:00)2022-12-05 13:17:59  

 လာမည့်နှစ်တွင် ဗြိတိန်နိုင်ငံဘုရင် Charles III၏ နန်းတက်ပွဲအတွက် ပြင်ဆင်မှုအနေဖြင့် လန်ဒန်မျှော်စင်ရှိ စိန့်အက်ဒ်ဝပ်သရဖူကို ပြုပြင်မွမ်းမံရန်အတွက် ရွှေ့ပြောင်းခဲ့သည်ဟု  ဗြိတိန်နိုင်ငံ ဘက်ကင်ဟမ်နန်းတော်ဝက်ဘ်ဆိုဒ်မှ ၃ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ကြောင်း သိရပါသည်။

 အစဉ်အလာအရ Charles III သည် ၂၀၂၃ ခုနှစ် မေလ ၆ ရက်နေ့တွင် Westminster Abbey တွင် ကျင်းပမည့် နန်းတက်ပွဲမှာ စိန့်အက်ဒ်ဝပ်သရဖူဆောင်းမည်ဖြစ်သည်။