ရေနံထုတ်လုပ်မှုလျော့နည်းရလျှင်လည်း ဈေးနှုန်းကန့်သတ်ချက်ကို ရုရှားက လက်ခံမည် မဟုတ်ကြောင်း ရုရှားဒုဝန်ကြီးချုပ်ဆို

(GMT+08:00)2022-12-05 13:17:22  

 ရုရှားဒုဝန်ကြီးချုပ် နိုဗက်က ယခုလ ၄ ရက်နေ့က မီဒီယာနှင့် တွေ့ဆုံရာတွင် အနောက်နိုင်ငံများ၏ ရုရှားမှ ပင်လယ်ရေကြောင်းဖြင့် တင်ပို့သော ရေနံစိမ်းဈေးနှုန်း အပေါ် ကန့်သတ်ခြင်းဆိုင်ရာ ရုရှား၏ သဘောထားက ပြောင်းလဲခြင်းမရှိကြောင်း၊ ရုရှားသည် ရေနံထုတ်လုပ်မှု လျော့နည်းရလျှင်လည်း ရုရှားအပေါ် ဈေးနှုန်း ကန့်သတ်မှု ပြုလုပ်သောနိုင်ငံများသို့ ရေနံနှင့်ရေနံထုတ်ကုန်ပစ္စည်းများကို တင်ပို့မည် မဟုတ်ကြောင်း၊ အနောက်နိုင်ငံများ၏ ယင်းလုပ်ရပ်သည် ဈေးကွက်ကို ကြမ်းတမ်းစွာ ဝင်ရောက်စွက်ဖက်ခြင်း ဖြစ်ပြီး WTO က သတ်မှတ်ထားသည့် စည်းမျဉ်းအားလုံးကို ချိုးဖောက်ခဲ့ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။