ရှီကျင့်ဖိန်စသည့် ပါတီနှင့် နိုင်ငံတော် ခေါင်းဆောင်များသည် ကျန်ဇီမင်း အတွက် ပို့ဆောင်နှုတ်ဆက်

(GMT+08:00)2022-12-05 19:31:35  

ကွယ်လွန်သွားသည့် တရုတ် ပါတီ၊ တပ်မတော်နှင့် တိုင်းရင်းသား လူမျိုးစုများမှ ပြည်သူများက အသိအမှတ်ပြုကြသော မြင့်မြတ်သော ဂုဏ်သိက္ခာ ရှိသည့် ထူးချွန်သည့် ခေါင်းဆောင်ဖြစ်သူ၊ မွန်မြတ်သော တရုတ် ဝိသေသထူးခြားချက်ပါရှိသည့် ဆိုရှယ်လစ် လုပ်ငန်းကို ထူးချွန်သည့် ဦးဆောင်သူ ကျန်ဇီမင်း၏ ရုပ်အလောင်း မီးသ င်္ဂြိုဟ်ခြင်းကို ယခုလ ၅ရက်နေ့က ပီကင်းတွင် ကျင်းပခဲ့သည်။ ရှီကျင့်ဖိန်၊ လီခေ့ချန်၊ လိကျန့်ရှူး၊ ဝမ်းယန်၊ လီချန်၊ ကျော့လို့ကြည့်၊ ဝမ်ဟုနင်၊ ဟန်ကျင့်၊ ဆိုက်ချီ၊ တင်းရွှေရှန်၊ လီရှီး၊ ဝမ်ချီစန်းစသည့် တရုတ် ပါတီနှင့် နိုင်ငံတော် ခေါင်းဆောင်များသည် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် အထွေထွေ ဆေးရုံသို့ သွားရောက်ပြီး ကျန်ဇီမင်း အတွက် ပို့ဆောင်နှုတ်ဆက်ပြီး ကျန်ဇီမင်း၏ ရုပ်အလောင်းကို မီးသ င်္ဂြိုဟ်ခြင်းပြုရန် ဘာပေါင်စန်း တော်လှန်ရေး ဘုံသ င်္ချိုင်းသို့ ပို့ဆောင်ခဲ့ကြသည်။ ဟူကျင်ထောင်းသည်လည်း ဆေးရုံသို့ သွားရောက်ပြီး ကျန်ဇီမင်း အတွက် ပို့ဆောင်နှုတ်ဆက်ခဲ့သည်။