ဘရာဇီး၏ “ဘောလုံးဘုရင်” Peleသည် အသက်ထွက်ခါနီးပြုစုရေး လူနာဆောင်သို့ ပြောင်းရွှေ့

(GMT+08:00)2022-12-04 15:23:23  

ဒေသစံတော်ချိန် ဒီဇင်ဘာလ ၃ရက်နေ့နံနက်ပိုင်းက ဘရာဇီးနိုင်ငံ Sao Pauloမြို့ရှိ Albert Einsteinဆေးရုံက ဘရာဇီးနာမည်ကျော် ဘောလုံးအားကစားသမား “ဘောလုံးဘုရင်” Peleသည် ဓါတုကုထုံးကို မတုံ့ပြန်ဘဲ ၎င်းဆေးရုံ၏ အသက်ထွက်ခါနီးပြုစုရေး လူနာဆောင်သို့ ပြောင်းရွှေ့ခဲ့ပြီး သက်သာခံသာစေရေး ကုသနည်းလက်ခံကြောင်း၊ ပြောကြားခဲ့ပါသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလက အူကင်ဆာဆိုင်ရာ ခွဲစိတ်ကုသမှုခူံခဲ့ပြီးကတည်းက Peleသည် ဓါတုကုထုံးကို ခံယူခဲ့ပါသည်။ ဒေသစံတော်ချိန် နိုဝင်ဘာလ ၂၉ရက်နေ့က Peleသည် စစ်ဆေးမှုလက်ခံရန် ဆေးရုံသို့ ထပ်မံတင်ခဲ့ပါသည်။