ကျန်ဇီမင်း သက်ရှိထင်ရှားရှိစဉ်ကဓာတ်ပုံများ (၂)

(GMT+08:00)2022-12-04 19:54:34  

၁၉၉၂ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ (၁၄) ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကို ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်ကြီး၌ စတင်ကျင်းပခဲ့သည်။ ဤသည်မှာ ကျန်ဇီမင်းက (၁၃) ကြိမ်မြောက် ဗဟိုကော်မတီကိုယ်စား အစီရင်ခံစာတင်ပြနေပုံဖြစ်သည်။

၁၉၉၃ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကျန်ဇီမင်းက ပေကျင်းမြို့တွင် မူကြိုကျောင်း ကလေးငယ်တစ်ဦးအတွက် ပိုလီယိုကာကွယ်ဆေးကျွေးပေးပြီးနောက် ကလေးငယ်က ဘိုးဘိုးကျန်းအား အနမ်းပေးခဲ့စဉ်။

၁၉၉၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မနက် ၁၀ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ ထူထောင်ခြင်းဂုဏ်ပြုအခမ်းအနားကို ဟောင်ကောင်ကွန်ဗန်းရှင်းနှင့် ပြပွဲစင်တာ New Wing ၌ကျင်းပခဲ့သည်။ ဂုဏ်ပြုအခမ်းအနားတွင် ကျန်ဇီမင်းက ကိုယ်တိုင်ရေးသားသည့် “ဟောင်ကောင်၏ မနက်ဖြန်သည် ပိုမိုကောင်းမွန်မည်” ဟူသော တရုတ်လက်ရေးလှစာသားပေလိပ်ကို ပြသနေစဉ်။

၁၉၉၇ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ (၁၅) ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကို ပေကျင်းပြည်သူ့ခန်းမဆောင်ကြီး၌ စတင်ကျင်းပခဲ့သည်။ ဤသည်မှာ ကျန်ဇီမင်းက (၁၄) ကြိမ်မြောက် ဗဟိုကော်မတီကိုယ်စား အစီရင်ခံစာတင်ပြနေပုံဖြစ်သည်။

၁၉၉၈ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျန်ဇီမင်းက ဟူပေပြည်နယ် ယန်ဇီမြစ် ရေဘေးကယ်ဆယ်ရေးရှေ့တန်းသို့ ကိုယ်တိုင်သွားရောက်၍ ကြည့်ရှုနှစ်သိမ့်ခဲ့ပြီး ရေဘေးကယ်ဆယ်ရေးရှေ့တန်း၌ ကြိုးပမ်းလျက်ရှိသည့် တပ်သားနှင့်ပြည်သူများအား အားပေးခဲ့ကာ ရေဘေးကယ်ဆယ်ရေးကို လမ်းညွှန်ခဲ့သည်။ ဤသည်မှာ သြဂုတ်လ ၁၃ ရက်နေ့တွင် ကျန်ဇီမင်းက ဟုန်ဟူမြို့ ဝူးလိန်မြို့နယ် ကျုံးဆားကြောင်ရွာ အန္တရာယ်ရှိသော တာတမံအပိုင်းတွင် ရေဘေးကယ်ဆယ်နေသည့် တပ်သားနှင့်ပြည်သူများအား မိန့်ခွန်းပြောကြားနေပုံဖြစ်သည်။

၁၉၉၉ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း နှစ် ၅၀ ပြည့် ဂုဏ်ပြုအခမ်းအနားကို ပေကျင်းမြို့ ထျန်းအမ်းမန်ရင်ပြင်တွင် ကျင်းပခဲ့သည်။ ကျန်ဇီမင်းက ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ကြည်းရေလေတပ်နှင့် ပြည်သူ့လက်နက်ကိုင်ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်သားအရံတပ်ဖွဲ့ဖြင့်ဖွဲ့စည်းထားသည့် ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးစဉ်။

၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျန်ဇီမင်းက ကွမ်တုန်းပြည်နယ် ကောင်းကျိုးမြို့ ခေါင်းဆောင်ကေဒါများ၏ “သင်ကြားမှုကိုအလေးထားခြင်း၊ နိုင်ငံရေးကိုအလေးထားခြင်း၊ စိတ်ဓာတ်မှန်ကိုအလေးထားခြင်း ဟူသည့် အလေးထားခြင်းသုံးမျိုး” ပညာရေးအစည်းအဝေးတွင် အရေးပါအမှာစကား ပြောကြားခဲ့သည်။ ယခုအကြိမ် ကွမ်တုန်းလေ့လာရေးခရီးစဉ်တွင် ကျန်ဇီမင်းက မိမိတို့ပါတီသည် တရုတ်နိုင်ငံ၏ ခေတ်မီကုန်ထုတ်လုပ်မှုစွမ်းအားတိုးတက်မှု တောင်းဆိုချက်ကို အမြဲကိုယ်စားပြုနေကြောင်း၊ တရုတ်နိုင်ငံ ခေတ်မီယဉ်ကျေးမှု၏ တိုးတက်မှုလားရာကို ကိုယ်စားပြုနေကြောင်း၊ တရုတ်နိုင်ငံ၏ ပြည်သူလူထုတစ်ရပ်လုံး၏ အခြေခံအကျိုးစီးပွားကို ကိုယ်စားပြုနေကြောင်း ပြောကြားခဲ့သည်။

၂၀၀၀ ပြည့်နှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် တရုတ်နိုင်ငံက အဆိုပြုသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ငါးနိုင်ငံခေါင်းဆောင် အစည်းအဝေးကို နယူးယောက်မြို့၌ ကျင်းပခဲ့သည်။ ကျန်ဇီမင်း (အလယ်) က ပြင်သစ်နိုင်ငံ သမ္မတ ချီရတ် (ယာ ၂) ၊ ရုရှားသမ္မတ ပူတင် (ယာ ၁) ၊ ဗြိတိန်နိုင်ငံဝန်ကြီးချုပ် တိုနီဘလဲ (ဝဲ ၁) ၊ အမေရိကန်သမ္မတ ကလင်တန် (ဝဲ ၂) တို့ နှင့်လက်ဆွဲနှုတ်ဆက်သည့် စုပေါင်းဓာတ်ပုံဖြစ်သည်။

၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ပိုအော် အာရှ ဖိုရမ် ထူထောင်ခြင်းအခမ်းအနားကို ဟိုင်နန်ပြည်နယ်၌ ကျင်းပခဲ့သည်။ ကျန်ဇီမင်းက ထူထောင်ခြင်းအခမ်းအနားသို့တက်ရောက်၍ အမှာစကားပြောကြားခဲ့စဉ်။

၂၀၀၁ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့တွင် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (APEC) (၉) ကြိမ်မြောက် ထိပ်သီး ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးကို ရှန်ဟိုင်းမြို့၌ကျင်းပခဲ့သည်။ ဤသည်မှာ ကျန်ဇီမင်းနှင့် အစည်းအဝေးတက်ရောက်ကြသည့် စီးပွားရေး အုပ်စု ခေါင်းဆောင်များနှင့် စုပေါင်းဓာတ်ပုံဖြစ်သည်။

၂၀၀၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကျန်ဇီမင်း၊ ဟူကျင်ထောင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်ကြီးတွင် တရုတ်ကွန်မြူနစ်ပါတီ (၁၆) ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံသို့ တက်ရောက်ကြသော ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသည့် ကိုယ်စားလှယ်များနှင့် လေ့လာအကဲခတ်သူ အဖြစ် တက်ရောက်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အရေးပါအမှာစကားပြောကြားခဲ့စဉ်။

၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း နှစ် ၇၀ ပြည့် ဂုဏ်ပြုအခမ်းအနားကို ပေကျင်းမြို့ ထျန်းအမ်းမန်ရင်ပြင်တွင် ခမ်းနားစွာကျင်းပခဲ့သည်။ ဤသည်မှာ ရှီကျင့်ဖိန်၊ ကျန်ဇီမင်း၊ ဟူကျင်ထောင်းတို့က ထျန်းအမ်းမန် ရင်ပြင်တော်ရှေ့ရှိ နန်းတော် မုဒ်ဦးတန်ဆောင်းပေါ်၌ ရှိနေစဉ်ဖြစ်သည်။