နိုင်ငံခြားခေါင်းဆောင်တို့သည် နိုင်ငံခြားဆိုင်ရာ တရုတ်သံရုံးများသို့ သွားရောက်ပြီး ရဲဘော် ကျန်ဇီမင်း ကွယ်လွန်သွားခြင်းအတွက် ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြ

(GMT+08:00)2022-12-04 15:20:14  

ယခုရက်များတွင် နိုင်ငံများစွာမှ ခေါင်းဆောင်များသည် နိုင်ငံခြားဆိုင်ရာ တရုတ်သံရုံး များသို့ သွားရောက်ပြီး ရဲဘော် ကျန်ဇီမင်း ကွယ်လွန်သွားခြင်းအတွက် လေးနက်စွာ ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြခဲ့ကြသည်။

ယခုလ ၂ ရက်နေ့က ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင် အဖွဲ့နှင့် ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး  ငုယဉ်ဖုထရွန်မှ တာဝန်လွှဲအပ်ပေးခြင်းအရ၊ ဗီယက်နမ်နိုင်ငံ သမ္မတ ငုယဉ်ရွှမ်ဖူ၊ အစိုးရဝန်ကြီးချုပ် ဖန်မင်ချင်း အပါအဝင် ဗီယက်နမ်ပါတီနှင့် နိုင်ငံတော် ခေါင်းဆောင်များသည် ဗီယက်နမ်ဆိုင်ရာ တရုတ်သံရုံးသို့ သွားရောက်ပြီး ရဲဘော် ကျန်ဇီမင်း ကွယ်လွန်သွားခြင်း အတွက် ဝမ်းနည်းကြေကွဲကြောင်းဖော်ပြခဲ့ကြသည်။

တောင်ကိုရီးယားသမ္မတ Yoon Seok-Youl၊ သီရိလင်္ကာသမ္မတ Wickremesinghe ၊ ဝန်ကြီးချုပ် Gunawadna၊ ပါကစ္စတန်ဝန်ကြီးချုပ် Shabazနှင့် ဂါဘွန်ဝန်ကြီးချုပ် Osuka စသည့် နိုင်ငံခြားခေါင်းဆောင်များသည် နိုင်ငံခြားဆိုင်ရာ တရုတ်သံရုံးများသို့ သွားရောက် ပြီး ရဲဘော် ကျန်ဇီမင်း ကွယ်လွန်သွားခြင်းအတွက် ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြခဲ့သည်ဟု သတင်းအရသိရသည်။