နိုင်ငံများစွာမှခေါင်းဆောင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ခံများသည် ရဲဘော် ကျန်ဇီမင်း၏ ကွယ်လွန်မှုအပေါ် ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြ

(GMT+08:00)2022-12-04 15:19:49  

နိုင်ငံများစွာမှခေါင်းဆောင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းမှ တာဝန်ခံများသည် ရှီကျင့်ဖိန်ထံသို့ ဝမ်းနည်းကြေကွဲကြောင်းသဝဏ်လွှာများကို ဆက်လက်ပေးပို့ပြီး အခြား နည်းလမ်းများဖြင့် ရဲဘော်ကျန်ဇီမင်း၏ ကွယ်လွန်မှုအပေါ် လေးနက်စွာ ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြသည်။

ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ငုယဉ်ဖူထရွန်၊ ဗီယက်နမ် နိုင်ငံတော်သမ္မတ ငုယဉ်ရွှမ်ဖူ၊ ဝန်ကြီးချုပ် ဖန်မင်ချင်း၊ လွှတ်တော်ဥက္ကဋ္ဌ ဝမ်တင်ဟွေတို့က ရဲဘော်ကျန်ဇီမင်းသည် တရုတ်နိုင်ငံ ပါတီနှင့်နိုင်ငံ၏ ထူးချွန်သော ခေါင်းဆောင်ဖြစ်ပြီး တရုတ်ဝိသေသထူးခြားချက်ပါရှိသောဆိုရှယ်လစ်ထူထောင်ရေး လုပ်ငန်းအတွက် ထူးကဲသောအကျိုးဆောင်ခဲ့ကြောင်း၊ ရဲဘော်ရှီကျင့်ဖိန်ကို အမြုတေအဖြစ် ထားသော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ကြံ့ခိုင်သော ဦးဆောင်မှုဖြင့် တရုတ်ပြည်သူများသည် တရုတ်ဝိသေသထူးခြားချက်ပါရှိသော ဆိုရှယ်လစ်ထူထောင်ရေး လုပ်ငန်းတွင် ပိုမိုကြီးမားသောအောင်မြင်မှုသစ်များ အဆက်မပြတ်ရရှိနိုင်မည်ဟု မိမိတို့ ယုံကြည်ကြောင်း ပြောကြားပါသည်။

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ဟုန်စိန်က ဥက္ကဋ္ဌကျန်ဇီမင်းသည် တရုတ်နိုင်ငံ၏ ထူးချွန်သော နိုင်ငံရေးသမားဖြစ်ကြောင်း၊ ၎င်း၏ထူးကဲသော ဦးဆောင်မှုသည် တရုတ် ပြည်သူများကို အားပေးအားမြှောက်ရုံသာမက နိုင်ငံတကာမိသားစုကြီး၏ လေးစားမှုကို ရရှိခဲ့ကြောင်း၊ ယခုလိုဝမ်းနည်းဖွယ်ကောင်းသောအခါသမယတွင် တရုတ်အစိုးရနှင့် ပြည်သူများအား အလေးအနက်ဝမ်းနည်းကြေကွဲကြောင်း ပြောကြားပါသည်။

၇၇ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဥက္ကဌ Korosiသည် ကုသလမဂ္ဂ အထွေထွေညီလာခံ ကိုယ်စား ရဲဘော်ကျန်ဇီမင်း၏မိသားစု၊ တရုတ်အစိုးရနှင့် ပြည်သူများအား နှစ်သိမ့်အားပေးမှုကို ဖော်ပြကြောင်း၊ မစ္စတာ ကျန်ဇီမင်းသည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးကို ကြီးမြတ်သောထောက်ခံသူဖြစ်ပြီး တရုတ်နိုင်ငံကို ဦးဆောင်ပြီး အောင်မြင်မှုရရှိကာ ကုလသမဂ္ဂတွင် ထူးချွန်သောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း ပြောကြားပါသည်။