ရှင်ကျိုးအမှတ် ၁၄ အာကာသယာဉ် ပြန်လာ

(GMT+08:00)2022-12-04 15:21:39  

    ရှင်ကျိုးအမှတ် ၁၄ အာကာသယာဉ်မှူးအဖွဲ့သည် ကြိုတင်သတ်မှတ်ထားသည့် လုပ်ငန်းတာဝန် အားလုံးကို ပြီးမြောက်သွားပြီဖြစ်၍ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ရှင်ကျိုးအာကာသယာဉ်ဖြင့် တုန်းဖုန်း ဆင်းသက်ရာနေရာသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ဆင်းသက်ရာနေရာတွင် သက်ဆိုင်ရာ စနစ်များသည် အာကာသယာဉ်မှူးများ ပြန်လာခြင်းအတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း တရုတ်နိုင်ငံ လူပါအာကာသ လုပ်ငန်း အစီအစဉ်ရုံးမှ သတင်းအရ သိရပါသည်။