မလေးရှား အစိုးရကက်ဘိနက်အဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆို

(GMT+08:00)2022-12-04 15:22:17  

ဒီဇင်ဘာလ ၃ ရက်နေ့က မလေးရှား အစိုးရကက်ဘိနက်အဖွဲ့ဝင်သစ်များသည် ကွာလာလမ်ပူမြို့ရှိ အမျိုးသားဘုရင့်နန်းတော်၌ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြပြီး နိုင်ငံတော် အမြင့်ဆုံး အကြီးအကဲ အာဘူဒူလာ နှင့် ၀န်ကြီးချုပ် အန်ဝါလ် တို့သည် ယင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

အစိုးရသစ်အနေနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အလေးထား တွန်းအားပေးပြီး ပြည်သူများ၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချနိုင်သည့် စီမံချက်များကို အကောင်အထည်ဖော်ရန် အာရုံစိုက်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် အန်ဝါလ်က ၂ ရက်နေ့က အစိုးရအဖွဲ့ဝင်သစ် နာမည်စာရင်းကို ထုတ်ပြန်ရာတွင် ဖော်ပြခဲ့သည်ဟု မာလေးရှားအမျိုးသားသတင်းဌာနမှ သတင်းအရ သိရပါသည်။