အာဖဂန်နိုင်ငံ ကာဘူးလ်မြို့တော်ရှိ ဗလီကျောင်းတစ်ကျောင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

(GMT+08:00)2022-12-03 14:02:06  

ဒီဇင်ဘာလ ၂ ရက်နေ့က အာဖဂန်နိုင်ငံ ကာဘူးလ်မြို့တော်ရှိ ဗလီကျောင်းတစ်ကျောင်းတွင် အသေခံ ဗုံးဖောက်ခွဲမှုဖြစ်ပွားခဲ့ရာ တိုက်ခိုက်မှုပြုလုပ်သူ ၂ ဦးအပါအဝင် လူ ၃ ဦး သေဆုံးသွားပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

အာဖဂန် TOLOရုပ်မြင်သံကြားဌာနမှ သတင်းအရ ယင်း ဗလီကျောင်းသည် အာဖဂန်နစ္စတန်အစ္စလာမ္မစ်ပါတီရုံးအနီးတွင် တည်ရှိကြောင်း၊ ဗုံးပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် အာဖဂန်အစ္စလာမ္မစ်ပါတီခေါင်းဆောင်၊ ဝန်ကြီးချုပ်ဟောင်း Gulbuddin Hekmatyar သည် ဗလီကျောင်း တွင် ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုများ ပြုလုပ်နေကြောင်း၊ Hekmatyar သည် ဒဏ်ရာရရှိခြင်းမရှိ ကြောင်း၊ လက်ရှိအချိန်အထိ ယင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု ကြေညာသည့် အဖွဲ့မရှိသေးကြောင်း သိရပါသည်။