တရုတ်ပြည်ဆိုင်ရာ နိုင်ငံများစွာမှ သံတမန် အရာရှိများသည် ရဲဘော် ကျန်ကျက်မင်၏ ကွယ်လွန်သွား ခြင်း အတွက် ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြ

(GMT+08:00)2022-12-03 14:20:20  

    ယခုလ ၁ရက်နေ့နှင့် ၂ရက်နေ့တွင် တရုတ်ပြည် ဆိုင်ရာ မြောက်ကိုရီးယား၊ ဗီယက်နမ်၊ ပါကစ္စတန်၊ ကမ္ဘောဒီးယား၊ အီဂျစ်၊ အယ်လ်ဂျီရီးယား၊ အာရပ်စော်ဘွားများ နိုင်ငံ၊ တောင်အာဖရိက၊ ကင်မရွန်း၊ ဆီနီဂေါ၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ ဘရူနိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ သိရိလင်္ကာ၊ မော်လဒိုက်၊ ယီမင်၊ မော်ရီတေးနီးယား၊ ဆီးရီးယား၊ တူရကီ၊ ဘာရိန်း၊ အီရန်၊ လီဆိုသို၊ ကင်ညာ၊ ယူဂန်ဒါ၊ ဘီနင်၊ နိုင်ဂျီးရီးယား၊ မိုဇမ်းဘစ်၊ ရဝမ်ဒါ၊ ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံ၊ မာလီ၊ ဆောတိုမီနှင့် ပရင်စီပီ၊ ကော်မိုရို စသည့် နိုင်ငံများမှ သံတမန် အရာရှိများသည် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ လာရောက်ပြီး ရဲဘော် ကျန်ကျက်မင်၏ ကွယ်လွန်သွားခြင်း အတွက် ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြသည့် အပြင်၊ တရုတ် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း အတွက်ရော၊ ကမ္ဘာ့ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ရေး အတွက်ပါ ရဲဘော် ကျန်ကျက်မင် ပြုလုပ်ခဲ့သော အရေးကြီး အကျိုးပြု စွမ်းဆောင်မှုများကို လွန်စွာ ချီးကျူးကြောင်းလည်း ဖော်ပြသည်။