ABB၏ ကမ္ဘာ့ အကြီးဆုံး စက်ရုပ် စူပါစက်ရုံ ရှန်ဟိုင်းမြို့၌ စတင်တည်ဆောက်

(GMT+08:00)2022-12-03 13:57:32  

    ဒီဇင်ဘာလ ၂ရက်နေ့က ရှန်ဟိုင်းမြို့ ဖူတုန်းဇုန်သစ်၌ ABBစက်ရုပ်စူပါစက်ရုံကို တရားဝင် စတင်တည်ဆောက်ခဲ့ပါသည်။ ယင်းစက်ရုံကို အမေရိကန်ဒေါ်လာ သန်း(၁၅၀)ဖြင့် ရင်းနှီးမြှုပ်နှံ ပါသည်။ အကျယ်အဝန်းသည် စတုရမ်းမီတာ (၆)သောင်း (ရ)ထောင်ရှိပြီး ABB၏ ကမ္ဘာ့ အတိုင်းအတာအကြီးဆုံးသော စက်ရုပ် သုတေသန ဖော်ထုတ်ရေး၊ ထုတ်လုပ်ရေးနှင့် အသုံးပြုရေး စခန်းဖြစ်ပါသည်။ ဤနေရာတွင် “စက်ရုပ်ဖြင့် စက်ရုပ်ကို ထုတ်လုပ်ခြင်း” ဟူသော ရှေ့တန်း အတွေးအခေါ်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်မည်ဖြစ်သည်။ စီမံကိန်းအရ ယင်းစူပါစက်ရုံမှ ထုတ်လုပ်မည့်စက်ရုပ်များသည် တရုတ်ပြည်တွင်း၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးရုံသာမက နိုင်ငံနှင့်ဒေသများစွာသို့ တင်ပို့ရောင်းချမည်ဖြစ်ပါသည်။